မုခ်ဝ:မြန်မာနိုင်ငံ
ကိရိယာများ
ဆောင်ရွက်ချက်များ
ယေဘုယျ
ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံ (အင်္ဂလိပ်: Myanmar သို့မဟုတ် Burma)၊ တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (Republic of the Union of Myanmar) သည် အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်ပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တည်ရှိသည်။ နိုင်ငံ၏မြို့တော်မှာ နေပြည်တော်ဖြစ်ပြီး စီးပွားရေးမြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။ (Full article...)
ရွေးချယ်ထားသော ဆောင်းပါးများ - load new batch
-
Image 1တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ (Full article...)
-
Image 2
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သည် မန္တလေးမြို့ တောင်ဘက် ၃၅ ကီလိုမီတာအကွာ တံတားဦးမြို့တွင် တည်ရှိသည်။ ၁၉၉၉ ခုနှစ်တွင် တည်ဆောက်မှုပြီးစီးပြီး ရန်ကုန်လေဆိပ်ကို အဆင့်မြှင့်တင်ခြင်း မပြုမီအချိန်အထိ မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် ခေတ်အမီဆုံး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတစ်ခုဖြစ်သည်။ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေယာဉ်ပြေးလမ်းသည် ပေ ၁၄,၀၀၀ (၄၂၆၇ မီတာ) ရှည်လျားပြီး ကမ္ဘာပေါ်တွင်အရှည်ဆုံးသော လေယာဉ်ပြေးလမ်းများစာရင်းတွင် ပါဝင်သည်။ အရှေ့တောင်အာရှတွင် လက်ရှိအသုံးပြုနေသော လေယာဉ်ပြေးလမ်းများတွင် အရှည်ဆုံးဖြစ်ပြီး တစ်နှစ်လျှင် ခရီးသည် ၃သန်း ကိုင်တွယ်နိုင်သည်။ လေဆိပ်ကြီးသည် မြန်မာနိုင်ငံ၏ ပထမဆုံးစရိတ်နည်းလေကြောင်းလိုင်းဖြစ်သော ရွှေမြန်မာလေကြောင်းလိုင်း နှင့် မန်းရတနာပုံ လေကြောင်းလိုင်း ၏ အဓိကဗဟိုချက် လည်းဖြစ်သည်။ (Full article...) -
Image 3
ရန်ကုန်မြို့ (အင်္ဂလိပ်: Yangon) သည် မြန်မာနိုင်ငံ၏ ယခင်က မြို့တော်ဖြစ်ပြီး ရန်ကုန်တိုင်း၏ မြို့တော်လည်းဖြစ်သည်။ ၂၀၀၆ ခုနှစ်၊မတ်လ မှ စတင်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ နအဖ (SPDC) သည်ရန်ကုန်မှ နေပြည်တော်သို့ မြို့တော်ဟု တရားဝင် နေရာပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း၊ လူဦးရေ ၇ သန်းကျော်ရှိသော ရန်ကုန်မြို့သည် မြန်မာနိုင်ငံ ၏ အကြီးမားဆုံး မြို့တော်နှင့် အရေးအကြီးဆုံးသော ကူးသန်းရောင်းဝယ်ရေး အချက်အချာအဖြစ် ဆက်လက် တည်ရှိနေသည်။
ရန်ကုန်မြို့၏ အခြေခံအဆောက်အဦးသည် အရှေ့တောင်အာရှရှိ အခြားသော အရေးပါသည့် မြို့တော်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုမရှိပါ။ ယနေ့ခေတ်တွင် ရန်ကုန်မြို့သည် အရှေ့တောင်အာရှတွင် ကိုလိုနီခေတ်မှ အဆောက်အဦး အများဆုံး ကျန်ရှိသည့်မြို့ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုလောက်က မြို့လယ်ခေါင်နှင့် ရန်ကုန်မြို့ကြီးအတွင်း မြင့်မားသည့် နေအိမ်တိုက်တာများနှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများကို အများအပြား တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း၊ မြို့ကို ပတ်လည်ဝန်းရံနေသည့် တိုးချဲ့မြို့သစ်များတွင်မူ လူနေမှု အဆင့်အတန်း နိမ့်ကျနေဆဲဖြစ်သည်။ (Full article...) -
Image 4မြန်မာ့နေ့ရက်များ သည် ဗြိတိသျှစာရေးဆရာ ဂျော့အော်ဝဲ (George Orwell) ရေးသားခဲ့သည့် ဝတ္ထုရှည်တစ်ခု ဖြစ်သည်။ ထိုစာအုပ်ကို အင်္ဂလန်တွင် ၁၉၃၄ ခုနှစ်က ပထမဆုံး ထုတ်ဝေခဲ့သည်။ စာအုပ်တွင် ဗြိတိသျှအိန္ဒိယ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဒေလီ၏ ဩဇာခံဖြစ်နေသည့်အချိန် ဗြိတိသျှကိုလိုနီနေ့ရက်တို့ကို ရေးသားထားသည့် ဇာတ်လမ်းတစ်ခု ဖြစ်သည်။ (Full article...)
-
Image 5မြန်မာနိုင်ငံ ကို အောက်ပါအတိုင်း အုပ်ချုပ်ရေးနယ်မြေဒေသ ၂၁ ခုအဖြစ် ခွဲခြားနိုင်သည်။
တိုင်းဒေသကြီးများမှာ ၂၀၁၀ ဩဂုတ်လတွင် ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများမှလွဲ၍ ကျန်တိုင်းဒေသကြီးလေးခုမှာ မြို့တော်များ၏ အမည်များအတိုင်းဖြစ်သည်။ (Full article...) -
Image 6
ရေနံချောင်းမြို့ သည်မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည့်အပြင် ကိုလိုနီခေတ်နှင့်လွတ်လပ်ရေးခေတ်ဦးပိုင်း၌ မကွေးတိုင်းမင်းကြီးနှင့် မကွေးခရိုင်ဝန်တို့ရုံးစိုက်ရာမြို့လည်း ဖြစ်ခဲ့သည်။ဆင်ဖြူကျွန်းမြို့အရှေ့တောင်ဘက်ဓာလွယ်ခုတ်ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိ၍ မကွေးမြို့အထက် ၂၉ မိုင်ခန့် ကွာဝေးသည်။ ရန်ကုန်မြို့မှ ၃၆၃ မိုင်ကွာဝေးသည်။ ရှေးအခါက ဆိပ်သာကွန်းထောက်မြို့၊ ထိုမှတစ်ဖန် ရေနံ့သာမြို့ဟု တွင်ခဲ့၍ ထိုနောက်တွင် ရေနံချောင်းမြို့ဟု ခေါ်တွင်သည်ဟု ဆိုလေသည်။ ရေနံချောင်းမြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၄၅,၁၂၀ ဦး ဖြစ်သည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် မြို့ပြနေလူဦးရေမှာ (၄၉၉၃၈)ဦးထိ ရှိလာခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်း စတုတ္ထမြောက်အကြီးဆုံးမြို့ ဖြစ်လာသည်။ (Full article...) -
Image 7
ဦးဂမ္ဘီရ (ခ) အရှင်ဂမ္ဘီရ သည်၂ဝဝရ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဟု အမည်တွင်သောသံဃာ့လှုပ်ရှားမှုကြီးတွင် ဦးဆောင်ခဲ့သဖြင့် စစ်အာဏာပိုင်များ၏ အင်းစိန်ထောင်တွင်း ကြည့်မြင်တိုင် တရားရုံးက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သာသနာ ညှိုးနွမ်းစေသည့် ပြစ်မှုနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု အပါအဝင် အမှုတွဲ ၃ မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် စတင်ချမှတ်ခဲ့သည်။ (Full article...) -
Image 8
ဦးဝင်းမြင့် (၈ နိုဝင်ဘာ ၁၉၅၁ မွေးဖွား) သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ၁၀ ဦးမြောက် နိုင်ငံတော်သမ္မတ ဖြစ်သည်။ မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တာမွေမြို့နယ် တွင် အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော် အမတ် ဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ၁ ဖေဖော်ဝါရီ ၂၀၁၆ မှ ၂၁ မတ် ၂၀၁၈ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ (Full article...) -
Image 9နိုင်ငံအသီးသီး လူမျိုးအသီးသီးတို့၌ အစားအစာနှင့် ပတ်သက်၍ မတူသည်ကို တွေ့ရသည်။ နိုင်ငံတစ်ခုအတွင်း တွင်လည်း ဒေသအလိုက် အစားအစာများ ရှိကြသည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့အစားအစာများ ဟူ၍ ရှိသည်။ ဥပမာပြရသော် မုန့်ဟင်းခါးသည် မြန်မာတို့၏ အစားအစာတစ်ခု ဖြစ်သည်။ မုန့်ဟင်းခါးတွင်လည်း ဒေသအလိုက် ကွဲပြားသေးသည်။ ရန်ကုန်မုန့်ဟင်းခါး၊ မြောင်းမြမုန့်ဟင်းခါး၊ ပုသိမ်မုန့်ဟင်းခါး၊ ဘိုကလေးမုန့်ဟင်းခါး၊ ဟင်္သာတမုန့်ဟင်းခါး၊ ဖျာပုံမုန့်ဟင်းခါး စသည်တို့ ဖြစ်သည်။ (Full article...)
-
Image 10
နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ပြီး နေပြည်တော် ပြည်ထောင်စုနယ်မြေ ၌ တည်ရှိသည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ကို ပျဉ်းမနားမြို့၏ အနောက်ဘက် ၂ မိုင် (၃.၂ကီလိုမီတာ) ဝေးသော အစိမ်းရောင်ကွင်းပြင်နေရာသို့ တရားဝင်ပြောင်းရွေ့ခဲ့သည်။ ယခင်မြို့တော်ဟောင်း ရန်ကုန်မြို့ ၏မြောက်ဘက် ခန့်မှန်းခြေအားဖြင့် မိုင် ၂၀၀ (၃၂၀ ကီလိုမီတာ) မျှကွာဝေးသည်။
မြို့တော်၏တရားဝင်အမည် ကို ၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက် မြန်မာ့တပ်မတော်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။၂၀၀၉ ခုနှစ်စာရင်းအရ လူဦးရေ ၉၂၅,၀၀၀ ရှိပြီး၊ ရန်ကုန် နှင့် မန္တလေး ပြီးလျှင် တတိယ လူဦးရေအများဆုံးမြို့ ဖြစ်သည်။ မြို့၏နေရာအများအပြားသည် အစိုးရလူနေအဆောက်အဦးများ ဖြစ်သည်။ (Full article...)
ဆက်စပ် မုခ်ဝများနှင့် ပရောဂျက်များ
ဓာတ်ပုံများ - load new batch
အောက်ပါတို့သည် ဝီကီပီးဒီးယားပေါ်ရှိ မြန်မာနိုင်ငံနှင့် ဆက်စပ်သော ဆောင်းပါးများမှ ပုံအမျိုးမျိုး ဖြစ်သည်။
-
Image 1ပုဂံမှ ယွန်းထည်များ (from မြန်မာ့ယဉ်ကျေးမှု)
-
Image 2နရပတိစည်သူမင်းလက်ထက် ပုဂံနေပြည်တော် (from မြန်မာ့သမိုင်း)
အဓိက ခေါင်းစဉ်များ
ကဏ္ဍများ
ကဏ္ဍခွဲများကို ကြည့်ရှုရန် [►] ကို ရွေးချယ်ပါ
နောက်ထပ် ခေါင်းစဉ်များ
|
|
ဝီကီမီဒီယာ
အောက်ပါ ဝီကီမီဒီယာ ဖောင်ဒေးရှင်း ညီအစ်မ ပရောဂျက်များတွင် ဤအကြောင်းအရာအတွက် ပိုမို ထောက်ပံ့ပေးထားသည်။
-
ကွန်မွန်းစ်
အခမဲ့ မီဒီယာ တည်ရာ -
ဝီကီစာအုပ်
အခမဲ့ ကျောင်းသုံးစာအုပ်နှင့် လက်စွဲစာအုပ်များ -
ဝီကီဒေတာ
အခမဲ့ အသိပညာ ဗဟို -
ဝီကီသတင်း
အခမဲ့ သတင်းများ -
ဝီကီကိုးကား
မှတ်သားဖွယ်ရာ စကားများ စုစည်းရာ -
ဝီကီရင်းမြစ်
အခမဲ့စာကြည့်တိုက် -
ဝီကီဗာစတီ
အခမဲ့ ပညာသင်စာနှင့် ဖတ်စာများ -
ဝီကီခရီးသွား
အခမဲ့ ခရီးသွားလမ်းညွှန် -
ဝစ်ရှင်နရီ
အဘိဓာန်နှင့် ဝေါဟာရအဖွင့်ကျမ်း